သတင်းများ

နေပြည်တော် နိုဝင်ဘာ ၁ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် ယနေ့တွင် မုတ္တမကမ်းလွန် ဒေသ လုပ်ကွက် M5 နှင့် M6 ၌ တည်ရှိသော ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

နေပြည်တော် ၊ နိုဝင်ဘာ ၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇.၁၁.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်(၅) အတွင်းရှိ United Wood Industries ကုမ္ပဏီမှ ကျွန်းသစ်နှင့် အောက်ချင်းစာ သစ်မျိုး များအသုံးပြု၍ ပန်းခြံနှင့် အိမ်ပြင်ပတွင် ထားရှိအသုံးပြုသည့် ပရိဘောဂများ (Garden Furniture) နှင့် Finger Joint ဖြင့် အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုတို့အား ကြည့်ရှု့ စစ်ဆေးခဲ့သည်။

နေပြည်တော် နိုဝင်ဘာလ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Develop-ment Bank – ADB) တို့အကြား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် နည်းပညာ အကူအညီပေးရေး သဘောတူစာချုပ်အရ ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှု မြှင့်တင်ခြင်းစီမံကိန်း (TA 8786- MYA: Environmental Safeguard Institutional Strengthening Project) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအရ သတ္တု ကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက် (မူကြမ်း)များကို ရေးဆွဲခဲ့ပြီး အပြီးသတ် ညှိနှိုင်းတိုင်ပင်မှု ဆွေးနွေးပွဲအား (၅-၁၁-၂၀၁၈) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

နေပြည်တော် နိုဝင်ဘာ ၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းသည် (၃.၁၁.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ သံတောင်မြို့ နယ်၊ တောင်ငူ-သံတောင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁/၀) အနီးရှိ (၁၉၆၇) ခုနှစ်တွင် တည် ထောင်ခဲ့သည့် သက်ကြီးပျဉ်းကတိုး စိုက်ခင်း(၁၈.၇၈)ဧကအား ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ ရာ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ စိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ် ငန်း ဆောင်ရွက်ခဲ့မှုများအား စိုက်ခင်းမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တော် နိုဝင်ဘာ ၁
အမျိုးသား မြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ၃၁
မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Myanmar Climate Change Alliance Programme-MCCA) ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် UNEP၊ UN-Habitat တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ရာ အောက်တိုဘာ ၃၁ရက်တွင် ပြီးဆုံး မည်ဖြစ်၍ စီမံကိန်း အပြီးသတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် - ချောင်းနက်-တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက်ရှိ စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေ အနေ၊ သဘာဝတောထိန်းသိမ်းဆောင်ရွက်မှုနှင့် သစ်တောသုတေသနဌာနက ဆောင်ရွက်လျှက် ရှိသည့် သုတေသနစမ်းသပ်ကွက်များ အားကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်ရှိ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်နှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများအား သွားရောက်ကြည့်ရှုပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

၁။ မြေတိုင်းဦးစီးဌာနတွင် အသုံးပြုရန်အတွက် အောက်ပါ မြေပုံရေးဆွဲခြင်းလုပ်ငန်းသုံး Software နှင့် Workstation များအား ဌာနအရောက်တန်ဖိုး (D.D.P) (နေပြည်တော်)၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

ရန်ကုန် အောက်တိုဘာ ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းသစ်တောဝင်း အတွင်းရှိ သစ်တောဦးစီးဌာန ရိပ်သာ၌ ပုဂ္ဂလိကသစ်တော စိုက်ခင်းတည်ထောင်သည့်Forest Farm Family ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့သည်။

Pages