သတင်းများ

နေပြည်တော်၊ အောက်တိုဘာ ၂၁

သယံဇာတနှင့်သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ ဆုံပွဲအခမ်း အနားသို့တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိကြီးများ၊ သစ်တောဦးစီးဌာနမှ အလှည့်က ျပြောင်းရွှေ့ တာဝန်ထမ်းဆောင်သော အရာထမ်းများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ရာထူးတိုး သန္ဓေ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်၊ ၁၉-၁၀-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ ဖင်လန်နိုင်ငံသံရုံးမှ Ambassador Extraordinary and Plenipotentiary ဖြစ်သူ H.E. Ms. Riikka Laatu အား ၁၉-၁၀-၂၀၁၈ ရက်နေ့၊ (၁၃:၃၀) နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

နေပြည်တော် အောက်တိုဘာ ၁၇
တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။

နေပြည်တော်၊၈-၁၀-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mrs. Alessandra Schiavo နှင့် အဖွဲ့အား ၈-၁၀-၂၀၁၈ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

နေပြည်တော်၊ အောက်တိုဘာ ၄
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် (၁၄)ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး(COM14)နှင့် အောက်တိုဘာလ(၅)ရက်နေ့တွင် (၁၄)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ များ၏ ဝန်ကြီးအဆင့်အစည်းအဝေး (COP14)တို့ကို နေပြည်တော်၊ Horizon Lake View Resort ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် ASEAN Specialized Meteorological Center (ASMC) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

နေပြည်တော် အောက်တိုဘာ ၄
ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

နေပြည်တော် စက်တင်ဘာ ၃၀

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း သည် စက်တင်ဘာ(၂၉)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်အတွင်းရှိ National Wood Industry ကုမ္ပဏီပိုင် သစ် အခြေခံ အချောထည်စက်ရုံရှိခဲ့ရာ စက်ရုံအတွင်း ဖြိုးစည်သူ ကုမ္ပဏီ ၏ ပုဂ္ဂလိကကျွန်းစိုက်ခင်းမှ ထွက်ရှိသော ကျွန်းပင်ကျပ်တိုင်များအား ခွဲစိတ်နေမှုကို ကြည့်ရှု့ စစ်ဆေး ခဲ့ရာ တာဝန်ရှိသူများမှ ကျွန်းပင် ကျပ်တိုင်များ ခွဲစိတ်မှု အဆင့်ဆင့်၊ သစ်ခွဲသားများမှ လက်ယှက်ထိုး သစ်သား ချောင်း (Finger Joint)များပြုလုပ်ခြင်း၊ ထိုမှတစ်ဆင့် ဘုတ်ပြားများ Board များပြုလုပ်ခြင်းအား လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အသုံးပြု သည့် စက်ပစ္စည်းများအား လိုက်လံရှင်းလင်းတင်ပြသည်။

နေပြည်တော် စက်တင်ဘာ၂၈
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော် စက်တင်ဘာ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြစတြီးယားနိုင်ငံ အခြေစိုက် ဖိုးပွန်းအင်တာနေရှင်နယ် ဥက္ကဌ မစ္စတာ ဟဲလ်မတ်ထန်ကလာနှင့် မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာ ဖိုးဝင်းတို့ကို ၂၇-၉-၂၀၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်တောင်စုဝန်ကြီးရုံး၊ ၀န်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ပါသည်။

နေပြည်တော် ၊ ၂၃.၉.၂၀၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးရိုးမဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများပြုစုထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ၊ သဘာဝတောထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပြည်သူလူထုအပန်းဖြေ လေ့ လာနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းမျာအားစက်တင်ဘာလ ၂၂ ရက်နေ့တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Pages