သတင်းများ
နေပြည်တော် စက်တင်ဘာ ၁၈
သဘာဝထိန်းသိမ်းရေးနယ်မြေများ အတွင်း နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် သစ်တော ဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
နေပြည်တော် စက်တင်ဘာ ၁၇
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက်(NPC)အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း (၃၃)ဦးတို့သည် ၁၇-၉-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:ဝဝ)နာရီ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း)သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
နေပြည်တော် စက်တင်ဘာ ၁၆
စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
နေပြည်တော်၊ စက်တင်ဘာ ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် စက်တင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မိုးရာသီသစ်ပင်ပွဲတော်စိုက်ပျိုးဆောင်ရွက်သည့် စိုက်ခင်းများအား ပြုစု ထိန်းသိမ်းထားရှိမှုနှင့် ရှင်သန်အောင်မြင်မှုအခြေအနေ၊ သစ်တောနှင့် သဘာဝဝန်းကျင် ပြတိုက်၌ ပြည်သူများအား အသိပညာပေးပြသထားရှိမှု၊ ပြည်သူများအပန်းဖြေ နားနေ နိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိသည့် ငလိုက်စခန်းသာဆင်စခန်း တို့ကို ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် စက်တင်ဘာ ၇
သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် သဘောတူညီချက် (Forest Law Enforcement, Governance and Trade, Voluntary Partnership Agreement - FLEGT VPA)လုပ်ငန်းစဉ် ဖော်ဆောင်သည့် ကြားဖြတ်လုပ်ငန်းအဖွဲ့ နှုတ်ဆက်ပွဲနှင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကြိုဆိုပွဲအခမ်းအနားနှင့် အမျိုးသား အဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို (၇-၉-၂၀၁၈) ရက်နေ့၊ နံနက် (ဝ၉:၃၀) နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
နေပြည်တော် စက်တင်ဘာ ၅
အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီ တွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားမြေအသုံးချမှု ကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
နေပြည်တော် စက်တင်ဘာ ၄
မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး (4th OneMap Myanmar Technical Steering Committee Meeting) အား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ၃.၉.၂၀၁၈ ရက်နေ့၊ ၁၃:ဝ၀ နာရီတွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန) တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော် သြဂုတ် ၃၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဝန်ကြီးဌာန သစ်တောရေး ရာ၊ သတ္တုရေးရာမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများနှင့် ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြသည်။
နေပြည်တော် စက်တင်ဘာ ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁.၉.၂၀၁၈)နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံ ဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်-ကံပြား-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် (၃၆)အနီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စမ်းသပ်စိုက်ခင်း တစ်ခုဖြစ်သည့် ယခုနှစ်မိုးရာသီအတွင်း စက်ယန္တရား အသုံးပြု၍ ကျင်းတူး စိုက်ပျိုးထားသော စိုက်ခင်းအမှတ် (၂/၂၀၁၈) အခြားစိုက်ခင်း (၂၀)ဧကသို့ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ စိုက်ခင်းအတွင်း ရှား၊ စစ်၊ ကျွန်း နှင့် လျှော်ဖြူ သစ်မျိုး(၄)မျိုး ရောနှော စိုက်ပျိုးထားသည့် ပုံစံ အားရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ခင်းအောင်မြင်နေမှုများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။
နေပြည်တော် သြဂုတ် ၂၈
၂၀၁၈ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ မြန်မာနိုင်ငံရှိ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားပို့ချနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။