သတင်းများ
နေပြည်တော်၊ သြဂုတ် ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြဂုတ် ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာ ဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ပြည်သူများအနားယူအပန်းဖြေ လေ့လာနိုင်ရန်အတွက် ဝန်ဆောင်မှုလုပ်ငန်းများစီစဉ်ထားရှိမှု၊ ဆင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆင်အစားအစာအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဧည့်သည်လာရောက်လည်ပတ်မှုနှင့် လအလိုက်ဝင်ငွေရရှိမှု၊ အနီးဝန်းကျင်ရှိ ရပ်ရွာလူထုအား အကျိုးပြုနိုင်မှု၊ ဆင်စခန်းအတွင်း အမှိုက်များစနစ်တကျစွန့်ပစ်ရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်တို့ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
နေပြည်တော်၊၂၃-၈-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ၊ ဖူကူအိုကာ ဒုတိယမြို့တော်ဝန် Mr. Atsuhito Sadakari နှင့် အဖွဲ့အား ၂၃-၈-၂၀၁၈ရက်နေ့၊ (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။
နေပြည်တော် သြဂုတ် ၂၀
ဂျပန်နိုင်ငံပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) လက်မှတ်ရေးထိုးပွဲနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်ရှိ Part Royal Hotel တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ သြဂုတ် ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် World Wide Fund for Nature -WWF International မှ Director General, Mr. Marco Lambertini နှင့်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် သြဂုတ် ၁၃
သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် ၁၃-၈-၂၀၁၈ ရက်နေ့ နံနက် (၉) နာရီ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားသည်။
နေပြည်တော် သြဂုတ် ၁၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ၂၂ ရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်းပိုင် တောင်ဒဂုံ သစ်ဆိပ်သို့ ရောက်ရှိစစ်ဆေးသည်။
နေပြည်တော်၊ သြဂုတ် ၉
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့်အဖွဲ့အား ၉-၈-၂၀၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ဇူလိုင် ၈
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၀) ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၈-၈-၂၀၁၈)ရက်နေ့၊ နံနက်(ဝ၈:၄၅) နာရီ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
နေပြည်တော် ဇူလိုင်လ ၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၇-၈-၂၀၁၈ ရက်နေ့ နံနက်(၇:၃၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၃)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ တမလန်းပင်စိုက်ပျိုးပေးပါသည်။
နေပြည်တော်၊ ၇-၈-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စင်ကာပူနိုင်ငံ၊ Nanyang Technological University, Nanyang Environment & Water Research Institute (NEWRI) မှ Executive Director ဖြစ်သူ Prof. Shane Allen Snyder နှင့် အဖွဲ့အား ယနေ့ ၇-၈-၂၀၁၈ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။